ဝုဋ္ဌာနဝသီဘော်

by | Jun 9, 2022 | | 0 comments

ပိုင်းခြားထားသော ကာလကို မကျော်လွန်ဘဲ ဈာန်မှ ထနိုင်ခြင်း။ ရည်မှန်းထားသော အချိန်ကာလအတိုင်း ဈာန်မှ ထနိုင်ရန် စွမ်းနိုင်သော ဝသီဘော် ဖြစ်သည်။

ဝိညတ်ရုပ် ၂ ပါး

၁။ ကာယဝိညတ်၊ ၂။ ဝစီဝိညတ်။ (အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားရှိသော စိတ်၊စေတသိက်-စသော အနက်ဒြပ် အတ္ထပညတ်ကို သိစေတတ်သော သဒ္ဒပညတ်။

ဝတ္ထုရုပ် ၆ ပါး

ပသာဒရုပ် ၅-ပါး၊ ဟဒယရုပ် ၁-ပါး။ (ပသာဒရုပ် ၅-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။