ဝိပဿနာညစ်နွမ်းကြောင်း ဥပေက္ခာ

by | Jun 9, 2022 | | 0 comments

အလယ်အလတ်အားဖြင့် လျစ်လျူရှုခြင်း။ အညီအမျှဖြစ်သော ဝိပဿနာဇောနှင့်အတူဖြစ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ဖြစ်သော တတြမဇ္ဈတ္တုပေက္ခာနှင့် မနောဒွါရ၌ အာဝဇ္ဇန်းနှင့်အတူဖြစ်သော ဥပေက္ခာ။တတြမဇ္ဈတ္တုပေက္ခာ, အာဝဇ္ဇနုပေက္ခာ။

ဝိရတီ

မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်ခြင်းသဘော။

ဝိစ္ဆိဒ္ဒကအသုဘ၁

(ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်ကို "(ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်၊ (ဓားဖြင့်) ၂-ပိုင်း ဖြတ်ထားသော သူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ဝိစ္ဆိဒ္ဒကအသုဘ ကမ္မဋ္ဌာန်း...