ဝိညာနဉ္စာယတနဘုံ

by | Jun 9, 2022 | | 0 comments

ဝိညာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်အပြင်။

ဝီထိ

ဝီထိသဒ္ဒါသည် 'အစဉ်အတန်း' ဟူသော အနက်ကိုဟော၏။ ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဉ်, သမ္ပဋိစ္ဆိုင်း-စသော စိတ်တို့၏ ရှေ့နောက်အစဉ်အားဖြင့် ဖြစ်ခြင်းကိုပင် "ဝီထိ"ဟု...

ဝိတက္ကစရိုက်ဘာဝနာ

အကြံအစည်များသူကို "ဝိတက္ကစရိုက်ရှိသူ"ဟု ခေါ်သည်။ပွားများထိုက်သော တရားကို ဘာဝနာ-ဟု ခေါ်သည်။

ဝဋ် ၃ ပါး

ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်။( ဤ၌ "ဝဋ္ဋ"သဒ္ဒါသည် ချာချာလည်ပတ်သော ကွင်းဆက်၊ ကွင်း -ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ပစ္စုပ္ပန် ကိလေသကွင်း ကမ္မကွင်းနှင့် အနာဂတ်ဝိပါကကွင်းတို့သည် ပစ္စုပ္ပန်ဝိပါကကွင်း, အတိတ် ကိလေသကွင်း ကမ္မကွင်းတို့နှင့် ချိတ်ဆက်လျက် မပြတ် လည်ပတ်နေကြသည်။...

ဝေဒနာ ၁

မျက်စိ-စသည့် ခြောက်ပါးတို့၏ အတွေ့ကြောင့် ဖြစ်သော အာရုံကို ခံစားခြင်းသဘော၊ အာရုံကို ခံစားမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ စသည်ဖြင့်...