ဝိဇ္ဇမာနပညတ်

by | Jun 9, 2022 | ဝ | 0 comments

ပရမတ္ထအားဖြင့် ထင်ရှားရှိသော စိတ်၊စေတသိက်-စသော အနက်ဒြပ် အတ္ထပညတ်ကို သိစေတတ်သော သဒ္ဒပညတ်။

ဝိစိကိစ္ဆာသံယောဇဉ် ၁

ယုံမှားသံသယဒွိဟသဘောရှိသော ဝိစိကိစ္ဆာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဝိစိကိစ္ဆာသံယောဇဉ်...

ဝတ္ထု ၆ ပါး

၁။ စက္ခုပသာဒရုပ်၊ ၂။ သောတပသာဒရုပ်၊ ၃။ ဃာနပသာဒရုပ်၊ ၄။ ဇိဝှါပသာဒရုပ်၊ ၅။ ကာယပသာဒရုပ်၊ ၆။ ဟဒယရုပ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဝိပဿနာညစ်နွမ်းကြောင်း ဥပဋ္ဌာန

ကမ္မဋ္ဌာန်းအာရုံ၌ စွဲမြဲစွာတည်သော သတိရှိခြင်း။ ကြာမြင့်စွာသော ကာလ၌ ပြုခဲ့ပြီးသော အမှုတို့ကို တစ်ဖန်အောက်မေ့နိုင်စွမ်းသော သတိပဋ္ဌာန်ဖြစ်သော...