ဝဋ် ၃ ပါး

by | Jun 9, 2022 | | 0 comments

ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်။( ဤ၌ “ဝဋ္ဋ”သဒ္ဒါသည် ချာချာလည်ပတ်သော ကွင်းဆက်၊ ကွင်း -ဟူသော အနက်ကို ဟောသည်၊ ထို့ကြောင့် ပစ္စုပ္ပန် ကိလေသကွင်း ကမ္မကွင်းနှင့် အနာဂတ်ဝိပါကကွင်းတို့သည် ပစ္စုပ္ပန်ဝိပါကကွင်း, အတိတ် ကိလေသကွင်း ကမ္မကွင်းတို့နှင့် ချိတ်ဆက်လျက် မပြတ် လည်ပတ်နေကြသည်။ (အတိတ် ကိလေသကွင်း + ကမ္မကွင်း + ပစ္စုပ္ပန်ဝိပါကကွင်း + ပစ္စုပ္ပန်ကိလေသကွင်း + ကမ္မကွင်း + အနာဂတ်ဝိပါကကွင်း-တို့ အစဉ်အတိုင်း ချိတ်ဆက်ထားလျက် လည်ပတ်နေကြသည်-ဟု ဆိုလိုသည်)။

ဝဋ်

သံသရာ၌ မပြတ်အစဉ် ချာချာလည်စေတတ်သော တရား။

ဝေဟပ္ဖိုလ်

ပြန့်ပြောကြီးမားသော အကျိုးရှိသော ဗြဟ္မာများကို ဝေဟပ္ဖိုလ်ဗြဟ္မာဟု ခေါ်သည်။

ဝိမောက္ခ

ကိလေသာတို့မှ လွတ်သော မဂ်တရား, ဖိုလ်တရားကို "ဝိမောက္ခ"ဟု ခေါ်သည်။

ဝိက္ခိတ္တကအသုဘ

ထိုထိုအရပ်သို့ ခေါင်းတခြား ကိုယ်တခြား လက်ခြေတခြားစီ ဖရိုဖရဲ စွန့်ပစ်ထားအပ်သော သူသေကောင်။

ဝဋ်မြစ် ၂ ပါး

၁။ အဝိဇ္ဇာ၊ ၂။ တဏှာ။အဝိဇ္ဇာသည် ရှေးဘဝသံသရာစက်၏ အရင်းခံအကြောင်းရင်း ဖြစ်သည်။တဏှာသည် နောက်ဘဝ၏ အရင်းခံ အကြောင်းရင်း...