နိပ္ဖန္နရုပ်တို့၏ အမှတ်အသားဖြစ်သော ရုပ်။ (နိပ္ဖန္နရုပ်များသည် ဆိုင်ရာအကြောင်းတရားတို့က စီမံလိုက်သည့်အတွက် ဖြစ်လာရသည်၊ ဖြစ်လာလျှင် ရင့်ရသည်၊ ရင့်လာလျှင် ပျက်ရသည်၊ ယင်း”ဖြစ်, တည်, ပျက်”လက္ခဏာကို တွေ့ရသဖြင့် နိပ္ဖန္နရုပ်များ သင်္ခတဖြစ်ကြောင်းကို သိနိုင်လောက်သည်၊ ထို့ကြောင့်ပင် “ဥပစယ”အစရှိသည်တို့ကို “လက္ခဏရုပ်”ဟု ခေါ်သည်။
လောကတ္တရာစိတ် အကျဉ်း ဂ ပါး
မဂ်စိတ်အကျဉ်း ၄ ပါး၊ဖိုလ်စိတ်အကျဉ်း ၄ ပါး၊ပေါင်း ဂ ပါး။(မဂ်စိတ်အကျဉ်း ၄ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...