နိပ္ဖန္နရုပ်တို့၏ အမှတ်အသားဖြစ်သော ရုပ်။ (နိပ္ဖန္နရုပ်များသည် ဆိုင်ရာအကြောင်းတရားတို့က စီမံလိုက်သည့်အတွက် ဖြစ်လာရသည်၊ ဖြစ်လာလျှင် ရင့်ရသည်၊ ရင့်လာလျှင် ပျက်ရသည်၊ ယင်း”ဖြစ်, တည်, ပျက်”လက္ခဏာကို တွေ့ရသဖြင့် နိပ္ဖန္နရုပ်များ သင်္ခတဖြစ်ကြောင်းကို သိနိုင်လောက်သည်၊ ထို့ကြောင့်ပင် “ဥပစယ”အစရှိသည်တို့ကို “လက္ခဏရုပ်”ဟု ခေါ်သည်။
လက္ခဏာယာဉ်
သင်္ခါရတရားတို့၏ အမှတ်အသားကို "လက္ခဏ"ဟု ခေါ်သည်၊ ယင်း ၃-ပါးကိုပင် လှေယာဉ်, လှည်းယာဉ်အလား နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သောကြောင့် "လက္ခဏတ္တယ- လက္ခဏာယာဉ် ၃-ပါး"ဟုလည်း...
