ကာမာဝစရသောဘနစိတ်-ဟူသော ပုဒ်သည် ကာမာဝစရ+သောဘန+စိတ္တ-ဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာမာဝစရ-ကာမာဝစရ ဖြစ်သော၊သောဘန-တင့်တယ်သော၊စိတ္တ-စိတ်-ဟု အဓိပ္ပါယ်ရသည်။
ကာယာနုပဿနာသတိပဋ္ဌာန် ၁
ကာယမည်သော စက်ဆုပ်ဖွယ် ဆံအစရှိသည်တို့ ဖြစ်ရာ အတ္တဘောကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာမည်၏။ တစ်နည်းအားဖြင့် ထွက်သက် ဝင်သက်တို့၏ အပေါင်းကို အဖန်တလဲလဲ စီးဖြန်းခြင်းအားဖြင့် အောက်မေ့ခြင်းသည် ကာယာနုပဿနာ...
