မဟာကပ်

by | Jun 9, 2022 | | 0 comments

ဝိဝဋ္ဋဋ္ဌာယီအသသင်္ချေယျကပ်-စသော အသင်္ချေယျကပ် (၄) ကပ်သည် မဟာကပ် မည်၏၊ ၎င်းမဟာကပ် တစ်ကပ်ကိုပင် တစ်ကမ္ဘာ-ဟု ခေါ်သည်။ ပါဠိဘာသာကပ္ပ-ဟူသော ဝေါဟာရမှ မြန်မာဘာသာ ကမ္ဘာ-ဟူသော ဝေါဟာရသို့ ပြောင်းလဲလာခြင်း ဖြစ်သည်။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။

မနာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော စိတ်။

မောဃဝါရ

ဝီထိစိတ် လုံးဝ မဖြစ်သော အတိပရိတ္တာရုံဝီထိကို "မောဃဝါရ"ဟု ခေါ်သည်။

မဟဂ္ဂုတ်စိတ်

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု...

မဟဂ္ဂုတ်စိတ် ၂၇ ပါး

ရူပါဝစရစိတ် ၁၅ ပါး၊ အရူပါဝစရစိတ် ၁၂ ပါး၊ပေါင်း ၂၇ ပါး။ (ရူပါဝစရစိတ် ၁၅ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...