မဟန္တာရုံ

by | Jun 9, 2022 | | 0 comments

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) များသော စိတ္တက္ခဏရှိသော အာရုံ၊ တဒါရုံ ၂ကြိမ် မဖြစ်နိုင်လောက်အောင် အတီတဘဝင် လွန်ခဲ့ပြီးမှ ထင်လာသော အာရုံသည် “မဟန္တာရုံ” မည်၏။

မာန

ငါ ငါဟု ထောင်လွှားတက်ကြွခြင်းသဘော။

မောဃဝါရ

ဝီထိစိတ် လုံးဝ မဖြစ်သော အတိပရိတ္တာရုံဝီထိကို "မောဃဝါရ"ဟု ခေါ်သည်။

မဂ်စိတ်

မဂ်နှင့် ယှဉ်တွဲဖြစ်သော စိတ်သည် မဂ်စိတ်။

မနောဒွါရ

ဘဝင်စိတ်သည် "မနောဒွါရ" မည်၏။ ဝီထိတွင် အတီတဘဝင်၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဟု သုံးမျိုးရှိရာတွင် နောက်ဆုံး ဘဝင်္ဂုပစ္ဆေဒဖြစ်သော ဘဝင်စိတ်ကိုသာ မနောဒွါရာဝဇ္ဇန်းစသော ဝီထိစိတ်တို့ ဖြစ်ကြောင်းဖြစ်သောကြောင့် မနောဒွါရဟု ခေါ်ရသည်။ ထိုဘဝင်စိတ်ဟူသည် ဘဝင်ကိစ္စကို ဆောင်ရွက်သော စိတ်...