မနောဒွါရ

by | Jun 9, 2022 | | 0 comments

ဘဝင်စိတ်သည် “မနောဒွါရ” မည်၏။ ဝီထိတွင် အတီတဘဝင်၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဟု သုံးမျိုးရှိရာတွင် နောက်ဆုံး ဘဝင်္ဂုပစ္ဆေဒဖြစ်သော ဘဝင်စိတ်ကိုသာ မနောဒွါရာဝဇ္ဇန်းစသော ဝီထိစိတ်တို့ ဖြစ်ကြောင်းဖြစ်သောကြောင့် မနောဒွါရဟု ခေါ်ရသည်။ ထိုဘဝင်စိတ်ဟူသည် ဘဝင်ကိစ္စကို ဆောင်ရွက်သော စိတ် ၁၉ ပါးတို့ပင် ဖြစ်သည်။

မဂ်စိတ်

မဂ်နှင့် ယှဉ်တွဲဖြစ်သော စိတ်သည် မဂ်စိတ်။

မောဟမူစိတ် ၂ ပါး

၁။ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁ ပါး၊၂။ဥဒ္ဓစ္စသမ္ပယုတ်စိတ် ၁ ပါး၊ပေါင်း ၂ ပါး။

မဟာဘုတ် ၄ ပါး

၁။ ပထဝီဓာတ်၊ ၂။ အာပေါဓာတ်၊ ၃။ တေဇောဓာတ်၊ ၄။ ဝါယောဓာတ်။ (ပထဝီဓာတ်-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

မဂ်စိတ်အကျဉ်း ၄ ပါး

၁။သောတာပတ္တိမဂ်စိတ်၊ ၂။သကဒါဂါမိမဂ်စိတ်၊ ၃။အနာဂါမိမဂ်စိတ်၊ ၄။အရဟတ္တမဂ်စိတ်။

မဟာကုသိုလ်စိတ် ၈ ပါး

သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကုသိုလ်စိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်...

မောဟ

အာရုံ၌ တွေဝေခြင်း (အာရုံ၏ အမှန်သဘောကို မသိခြင်း) သဘော။