ဘဝင်စိတ်သည် “မနောဒွါရ” မည်၏။ ဝီထိတွင် အတီတဘဝင်၊ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒဟု သုံးမျိုးရှိရာတွင် နောက်ဆုံး ဘဝင်္ဂုပစ္ဆေဒဖြစ်သော ဘဝင်စိတ်ကိုသာ မနောဒွါရာဝဇ္ဇန်းစသော ဝီထိစိတ်တို့ ဖြစ်ကြောင်းဖြစ်သောကြောင့် မနောဒွါရဟု ခေါ်ရသည်။ ထိုဘဝင်စိတ်ဟူသည် ဘဝင်ကိစ္စကို ဆောင်ရွက်သော စိတ် ၁၉ ပါးတို့ပင် ဖြစ်သည်။
မဟာကြိယာစိတ် ၈ ပါး
သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက မဟာကြိယာစိတ် ၁ ပါး၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက...
