မဂ္ဂင်

by | Jun 9, 2022 | | 0 comments

မဂ္ဂင်-ဟူသည် မဂ္ဂ+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ မဂ္ဂ-မဂ် ဝါ-လမ်းကြောင်း၏၊ အင်္ဂ- အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ မဂ္ဂမည်သော တရားအပေါင်း၏ တစ်ခုစီတစ်ခုစီသော အစိတ်အင်္ဂါများကို “မဂ္ဂင်”ဟု ခေါ်သည်။ မိစ္ဆာဒိဋ္ဌိ စသော လေးပါးတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်စေတတ်သော မဂ်၏ အစိတ်အင်္ဂါများဖြစ်သဖြင့် မဂ္ဂင်အမည်ကို ရကြသည်။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။

မိစ္ဆာသင်္ကပ္ပ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် ကြံစည်မှုသည် "မိစ္ဆာသင်္ကပ္ပ" မည်၏။

မေတ္တာ ၁

သတ္တဝါများ၏ ကောင်းကျိုးစီးပွားကို လိုလားခြင်း, ချစ်ခင်မြတ်နိုင်ခြင်း သဘောတရားသည် "မေတ္တာ" မည်၏။

မောစတုက်

မောဟစေတသိက်ဦးစီးသော အကုသိုလ်စေတသိက်လေးပါးအပေါင်း(မော= မောဟပါဝင်သော၊ ဦးဆောင်သော၊ စတုက်=စတုက္က=...

မနောဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အထူးသိစိတ်။

မာနာနုသယ ၁

မာနသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် မာနာနုသယ မည်၏။