ဘာဝရုပ်

by | Jun 9, 2022 | | 0 comments

ယောကျ်ား၊ မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို “ဘာဝရုပ်”ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည် အမသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည် အထီးသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်၏၊ အထီးအမတို့၏ အင်္ဂါဇာတ်ကား ဘာဝရုပ် မဟုတ်ပါ။

ဘဝင်ကိစ္စ

ဘဝမပြတ်အောင် ဆောင်ရွက်ခြင်းအလုပ်သည်၊ တစ်နည်း ယခုဘဝ၌ ဖြစ်နေသော ခန္ဓာအစဉ်ကို သက်ဆုံးတိုင် မပြတ်မလပ်ရအောင် ဖြစ်စေခြင်း၏အကြောင်းသည် ဘဝင်ကိစ္စ...

ဘဝေါဃ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘဝယောဂ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။

ဘဝရာဂသံယောဇဉ် ၁

ရူပဈာန် အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှုတဏှာကို "ဘဝရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ဘဝရာဂသံယောဇဉ်...

ဘဝရာဂါနုသယ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ ရှိသော လောဘစေတသိက်။

ဘဝတဏှာ ၁

အတ္တနှင့် လောကသည် မြဲ၏-ဟူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဘဝတဏှာ" မည်၏။