ဘဝရာဂါနုသယ ၁

by | Jun 9, 2022 | ဘ | 0 comments

ရူပရာဂ အရူပရာဂသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ဘဝရာဂါနုသယ မည်၏။

ဘာဝနာ ၃ ပါး

၁။ ပရိကမ္မဘာဝနာ၊ ၂။ ဥပစာရဘာဝနာ၊ ၃။ အပ္ပနာဘာဝနာ။

ဘဝေါဃ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...

ဘဝတဏှာ ၁

အတ္တနှင့် လောကသည် မြဲ၏-ဟူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တဏှာသည် "ဘဝတဏှာ" မည်၏။

ဘဝယောဂ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် ဘဝယောဂ...