ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ကာမရာဂါနုသယ မည်၏။
ကမ္မဇကလာပ် ၉ စည်း
၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။...