ဘဝင်ကိစ္စ

by | Jun 9, 2022 | ဘ | 0 comments

ဘဝမပြတ်အောင် ဆောင်ရွက်ခြင်းအလုပ်သည်၊ တစ်နည်း ယခုဘဝ၌ ဖြစ်နေသော ခန္ဓာအစဉ်ကို သက်ဆုံးတိုင် မပြတ်မလပ်ရအောင် ဖြစ်စေခြင်း၏အကြောင်းသည် ဘဝင်ကိစ္စ မည်၏။

ဘဝင်္ဂစလန

ဘဝင်စိတ်သည် "ကံ, ကမ္မနိမိတ်, ဂတိနိမိတ်" ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုနေစဉ် ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲအာရုံကို စွဲမြဲစွာလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်ဘဲ ပင်ကိုသဘောမှ ဖောက်ပြား၍ ၂-ကြိမ်တိုင် လှုပ်ချောက်ချားမှုကိုပင် "ဘဝင်္ဂစလန- ဘဝင်လှုပ်သည်"ဟု...

ဘုံ

သတ္တဝါတို့ ဖြစ်ပေါ်ရာ အရပ်ဌာန။

ဘဝ

ခန္ဓာ-စသော အကျိုးတို့ကို ဖြစ်ပေါ်စေတတ်သော စေတနာသည် ဘဝမည်၏။

ဘာဝနာ

သမထမည်သော သမာဓိတရား၊ ဝိပဿနာမည်သော ပညာတရားသည် ပွားများထိုက်သောကြောင့် ဘာဝနာ မည်၏။ မှန်၏၊ ဘာဝနာသည် လွန်စွာ အကျိုးများလှ၍ မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ်တိုးပွားအောင်...

ဘာဝရုပ်

ယောကျ်ား၊ မိန်းမ ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ဘာဝရုပ်"ဟု ခေါ်သည်၊ ဣတ္ထိဘာဝရုပ်သည် အမသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍ တည်၏၊ ပုရိသဘာဝရုပ်သည် အထီးသတ္တဝါတို့၏ တစ်ကိုယ်လုံး၌ ပျံ့နှံ့၍တည်၏၊ အထီးအမတို့၏ အင်္ဂါဇာတ်ကား ဘာဝရုပ်...

ဘဝေါဃ ၂

ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ် ၄-ခု၌ရှိသော လောဘစေတသိက်။