ဗုဒ္ဓါနုဿတိ

by | Jun 9, 2022 | ဗ | 0 comments

မြတ်စွာဘုရား၏ ဂုဏ်ကို အာရုံပြု၍ ဖြစ်သော အနုဿတိ (အဖန်တလဲလဲ အောက်မေ့မှု)သည် ဗုဒ္ဓါနုဿတိ မည်၏၊ဘုရားဂုဏ်တော်များကို အာရုံပြု အမှတ်ရနေမှု ဖြစ်သည်။

ဗြဟ္မပုရောဟိတာ

မဟာဗြဟ္မာတို့၏ ပုရောဟိတ်(အကြံပေး)အရာ၌ တည်သော ဗြဟ္မာများကို ဗြဟ္မပုရောဟိတာ-ဟု ခေါ်သည်။

ဗောဇ္ဈင်

ယောဂီပုဂ္ဂိုလ်များ သစ္စာလေးပါးကို သိခြင်း၏ အကြောင်းဖြစ်သော တရားသည် ဗောဇ္ဈင်မည်၏။