ဗိုလ်

by | Jun 9, 2022 | | 0 comments

မလှုပ်ရှား မယိမ်းမယိုင်သော တရားကို ဗိုလ်-ဟု ခေါ်သည်။

ဗြဟ္မဝိဟာရတရား

အပ္ပမညာ ၄-ပါးကို ပွားများ၍ နေထိုင်ခြင်းသည် မြင့်မြတ်အထက်တန်းကျသော နေထိုင်ခြင်းမျိုး ဖြစ်သည်၊ တစ်နည်းအားဖြင့် ဆိုရပါမူ မြင့်မြတ်အထက်တန်းကျသူတို့၏ နေထိုင်ခြင်းမျိုး ဖြစ်သည်၊ ထို့ကြောင့် အပ္ပမညာ ၄-ပါးကို "ဗြဟ္မဝိဟာရ တရား"ဟုလည်း...

ဗြဟ္မပုရောဟိတာ

မဟာဗြဟ္မာတို့၏ ပုရောဟိတ်(အကြံပေး)အရာ၌ တည်သော ဗြဟ္မာများကို ဗြဟ္မပုရောဟိတာ-ဟု ခေါ်သည်။

ဗြဟ္မပါရိသဇ္ဇာ

မဟာဗြဟ္မာတို့၏ ပရိသတ်တွင် ပါဝင်သော ဗြဟ္မာငယ်များကို ဗြဟ္မပါရိသဇ္ဇာ-ဟု ခေါ်သည်။

ဗျာပါဒကာယဂန္ထ ၁

စိတ်ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ကြောင်း ဒေါသသည် "ဗျာပါဒ"မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးကို သေစေလိုသော ဒေါသကို ဗျာပါဒ-ဟု ခေါ်သည်၊ ဤ၌ကား ဒေါသမှန်သမျှကိုပင် ဗျာပါဒ-ဟု ခေါ်သည်။ (ဝိ-စိတ်၏ ဖောက်ပြန်ပျက်စီးခြင်းသို့+အာပါဒ-ရောက်ကြောင်း ဒေါသ။) ထိုဗျာပါဒသည် သတ္တဝါတို့၏...