ဗြဟ္မာ့ဘုံ ၂၀

by | Jun 9, 2022 | | 0 comments

ရူပ ၁၆ ဘုံ၊အရူပ ၄ ဘုံ၊ပေါင်း ၂၀။(ရူပ ၁၆ ဘုံ-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ဗာဟိရရုပ်

ကိုယ်ခန္ဓာအား အဇ္ဈတ္တိကရုပ်လောက် ကျေးဇူးမများသော ရုပ်များ။

ဗြဟ္မဝိဟာရတရား ၄ ပါး

၁။ မေတ္တာ၊ ၂။ ကရုဏာ၊ ၃။ မုဒိတာ၊ ၄။ ဥပေက္ခာ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဗိုလ်

မလှုပ်ရှား မယိမ်းမယိုင်သော တရားကို ဗိုလ်-ဟု ခေါ်သည်။

ဗုဒ္ဓါနုဿတိ

မြတ်စွာဘုရား၏ ဂုဏ်ကို အာရုံပြု၍ ဖြစ်သော အနုဿတိ (အဖန်တလဲလဲ အောက်မေ့မှု)သည် ဗုဒ္ဓါနုဿတိ မည်၏၊ဘုရားဂုဏ်တော်များကို အာရုံပြု အမှတ်ရနေမှု...