ကာမရာဂသံယောဇဉ် ၁

by | Jun 9, 2022 | က | 0 comments

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ကာမရာဂသံယောဇဉ် မည်၏။

ကာယဝိညတ်

လက်ခြေမျက်နှာ စသော ကိုယ်ဖြင့် သိစေတတ်သော အမူအရာထူးသည် "ကာယဝိညတ်" မည်၏။

ကံအာရုံ

ပဋိသန္ဓေကျိုးကို ပေးတော့မည်ဖြစ်သော ကံသည်ပင်လျှင် မိမိကို အသစ်ပြုပြင်သည်၏ အစွမ်းဖြင့် (ယခုလက်တလော ပြုနေရသလို) စိတ်အာရုံ၌ ပေါ်လွင်ထင်လာတတ်သည်။ ၎င်းကို ကံအာရုံဟု...

ကုသလကမ္မပထတရား

သုဂတိဘုံဘဝသို့ ရောက်စေတတ်သည့် လမ်းကြောင်းသဖွယ် ဖြစ်သော တရား။