စိတ်ဖောက်ပြန် ပျက်စီးခြင်းသို့ ရောက်ကြောင်း ဒေါသသည် “ဗျာပါဒ”မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးကို သေစေလိုသော ဒေါသကို ဗျာပါဒ-ဟု ခေါ်သည်၊ ဤ၌ကား ဒေါသမှန်သမျှကိုပင် ဗျာပါဒ-ဟု ခေါ်သည်။ (ဝိ-စိတ်၏ ဖောက်ပြန်ပျက်စီးခြင်းသို့+အာပါဒ-ရောက်ကြောင်း ဒေါသ။) ထိုဗျာပါဒသည် သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိ ပဋိသန္ဓေ, ပဋိသန္ဓေ စုတိအားဖြင့်) ဆက်စပ်ပေးတတ်သောကြောင့် ဗျာပါဒကာယဂန္ထ မည်၏။
ဗုဒ္ဓိစရိုက်ရှိသူ
ပညာအဖြစ်များသူကို "ဗုဒ္ဓိစရိုက်ရှိသူ"ဟု ခေါ်သည်။ အလွယ်တကူ မယုံကြည်ဘဲ ဆင်ခြင်စဉ်းစား ပိုင်းခြားဝေဘန်တတ်သူများ...