ပုဠဝက အသုဘကမ္မဋ္ဌာန်း

by | Jun 9, 2022 | ပ | 0 comments

လောက်တက်နေသော သူသေကောင်ကို “လောက်တက်နေသော သူသေကောင်၊ လောက်တက်နေသောသူသေကောင်”ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ပုဠဝက အသုဘကမ္မဋ္ဌာန်း မည်၏။

ပဉ္စမဈာန်

ဥပေက္ခာ, ဧကဂ္ဂတာ နှစ်ပါးအစု (နှစ်ပါးပါးအားလုံးပေါင်း)ကို ပဉ္စမဈာန်-ဟု ခေါ်သည်။

ပသာဒရုပ်

အကြည်ဓာတ်သဘော ရှိသောကြောင့် စက္ခု-စသည်တို့ကို "ပသာဒရုပ်"ဟု ခေါ်သည်။

ပဋိဃသမ္ပယုတ်

ပဋိဃသမ္ပယုတ်-ဟူသော ပုဒ်သည် ပဋိဃ+သမ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်၊ ပဋိဃ= အာရုံကို ထိပါး-ထိခိုက်တတ်သော ဒေါသနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ပဋိဃသံယောဇဉ် ၁

ယှဉ်ဖက်တရားတို့ကို ဖျက်ဆီးတတ်သော ပဋိဃသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် ပဋိဃသံယောဇဉ်...

ပဝတ္တိအခါ

ပဋိသန္ဓေနှင့် စုတိတို့၏ ကြားကာလကို ပဝတ္တိအခါ-ဟု ခေါ်သည်။ အဘိဓမ္မာအလိုအားဖြင့် ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)တို့၏ ဥပါဒ်(ဖြစ်ဆဲ)ခဏကိုသာ "ပဋိသန္ဓေ"ဟု ခေါ်သည်၊ ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)များ ဥပါဒ်ပြီး(ဖြစ်ပြီး)သည့်နောက် ဌီခဏမှ စ၍ ထိုဘဝ၏ စုတိစိတ်၏...