ပုရေဇာတပစ္စယော

by | Jun 9, 2022 | ပ | 0 comments

ရှေးဦးစွာ ဖြစ်ကာ ဖြစ်ဆဲဖြစ်လျက် ကျေးဇူးပြုတတ်သော တရား။

ပရနိမ္မိတဝသဝတ္တိဘုံ

သူတစ်ပါးဖန်ဆင်းထားသော စည်းစိမ်ကို မိမိအလိုအတိုင်း ဖြစ်စေကြသော နတ်တို့ ဖြစ်ရာ ဘုံ။

ပဋိဃသမ္ပယုတ်

ပဋိဃသမ္ပယုတ်-ဟူသော ပုဒ်သည် ပဋိဃ+သမ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်၊ ပဋိဃ= အာရုံကို ထိပါး-ထိခိုက်တတ်သော ဒေါသနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု...

ပရိကမ္မဘာဝနာ

ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို...

ပရိဒေဝ၂

စိတ္တဇဝိပလ္လာသ သဒ္ဒရုပ်(စိတ်ကြောင့် ဖြစ်သော ဖောက်ပြန်သော အသံ။)

ပဋိစ္စသမုပ္ပါဒ်နည်း

အဝိဇ္ဇာ-စသော အကြောင်းတရားကြောင့် သင်္ခါရ-စသော အကျိုးတရား ဖြစ်ပုံမျှကို ပြ၍ ပစ္စယသတ္တိကို မပြသော နည်းသည် "ပဋိစ္စသမုပ္ပါဒ်နည်း"...