ပီတကသိုဏ်း ကမ္မဋ္ဌာန်း

by | Jun 9, 2022 | ပ | 0 comments

အဝါရောင် အဝိုင်းငယ်ကို (အဝါရောင်၊အဝါရောင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် ပီတကသိုဏ်း ကမ္မဋ္ဌာန်း မည်၏။

ပဋ္ဌာန်း

အကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ပြသော တရား။ (ပဋ္ဌာန်း-ဟူသော အမည်သည် ပဋ္ဌာန-ဟူသော ပါဠိမှ ဆင်းသက်လာသော အမည် ဖြစ်သည်။ ပဋ္ဌာန-ဟူသော ပါဠိသည် အကြောင်းအမျိုးမျိုးကို ဖော်ပြသော ကျမ်းကို ဟော၏။ သို့သော် ပဋ္ဌာန်း...

ပတ္တိဒါန

မိမိရသော ကုသိုလ်အဖို့ကို အမျှပေးဝေမှု။

ပရိတ္တာရုံ

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) နည်းသော စိတ္တက္ခဏရှိသော အာရုံ။

ပညိန္ဒြေ ၁

ကွဲပြားစွာ သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

ပကိဏ်း ပိုင်း

ပကိဏ်း-ဟူသော ဝေါဟာရသည် ပကိဏ္ဏက-ဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ ထိုပကိဏ္ဏကသည် ရောပြွမ်းခြင်းအနက်ကို ဟောသည်။ သို့ဖြစ်၍ စိတ် စေတသိက် နှစ်ခုကို ရောပြွမ်း၍ ဝေဒနာ, ဟိတ်, ကိစ္စ, ဒွါရ,အာရုံ,ဝတ္တု-တို့ဖြင့် ခွဲခြမ်း စိတ်ဖြာပြသော အပိုင်းကို ပကိဏ်းပိုင်း-ဟု...