ပရမတ္ထတရား

by | Jun 9, 2022 | | 0 comments

မိမိတို့၏ ပင်ကိုသဘောမှ ဖောက်ပြန် ပြောင်းလွှဲခြင်း မရှိသော၊ မှန်ကန်လျက် တကယ်ရှိသော အရှိတရား။ (တစ်နည်း) မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံပြုရာ၊ ကျက်စားရာဖြစ်သော တရား ။(ပရမတ္ထကို ပရမ+အတ္ထ-ဟု ပုဒ်ခွဲ၊ပရမ-မြတ်သော၊ အချုပ်ပဓာနဖြစ်သော၊ သဘောတရား။တစ်နည်း=ပရမ-မြတ်သော သဗ္ဗညုတာဉာဏ်တော်၊အတ္ထ-အာရုံ။)

ပထမဈာန်

ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ဧကဂ္ဂတာ ငါးပါးအစု (ငါးပါးအားလုံးပေါင်း) ကို ပထမဈာန်-ဟု ခေါ်သည်။

ပထဝီကသိုဏ်း ကမ္မဋ္ဌာန်း

မြေဝိုင်းငယ်(ပထဝီကသိုဏ်းဝန်း)ကို "မြေ မြေ"ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် ပထဝီကသိုဏ်း ကမ္မဋ္ဌာန်း...

ပုရိသဘာဝရုပ်

ယောကျ်ား ဖြစ်ဖို့ရန် အကြောင်းခံ ရုပ်တစ်မျိုးကို "ပုရိသဘာဝရုပ်"ဟု ခေါ်သည်၊

ပရိတ္တာရုံ

(အာရုံထင်လာသည့် ခဏမှ စ၍ ချုပ်သည့် ခဏတိုင်အောင် ရေတွက်ပါလျှင်) နည်းသော စိတ္တက္ခဏရှိသော အာရုံ။