ပဋိစ္စသမုပ္ပါဒ်

by | Jun 9, 2022 | | 0 comments

အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပုံကို ပြသော တရား။(ပဋိစ္စသမုပ္ပါဒ်-ဟူသော ပုဒ်သည် ပဋိစ္စသမုပ္ပါဒဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံညီညွတ်မှုကို စွဲ၍ အကျိုးတရားတို့ကို ဖြစ်စေတတ်သော အကြောင်းအပေါင်းကို ဟော၏၊ သို့သော် ပဋိစ္စသမုပ္ပါဒ်တရားတော်၌ကား အကြောင်းတရားကိုသာမက အကြောင်းအဆက်ဆက်ကြောင့်ဖြစ်သော အကျိုးအဆက်ဆက်ကိုလည်း ဟောထားသည်။ သို့ဖြစ်၍ အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပုံကို ပြသော တရားကို ပဋိစ္စသမုပ္ပါဒ်ရား ဖြစ်သည်ဟု မှတ်သားထိုက်၏။)

ပရိဒေဝ၂

စိတ္တဇဝိပလ္လာသ သဒ္ဒရုပ်(စိတ်ကြောင့် ဖြစ်သော ဖောက်ပြန်သော အသံ။)

ပုဠဝက အသုဘကမ္မဋ္ဌာန်း

လောက်တက်နေသော သူသေကောင်ကို "လောက်တက်နေသော သူသေကောင်၊ လောက်တက်နေသောသူသေကောင်"ဟု အဖန်ဖန် ရှုမှတ် ပွားများသော ဘာဝနာသည် ပုဠဝက အသုဘကမ္မဋ္ဌာန်း...

ပြိတ္တာဘုံ (ပေတ္တိဝိသယ)

ချမ်းသာမှ ဝေးသောအားဖြင့် ဖြစ်တတ်သောကြောင့် ပေတ-ဟု ခေါ်သည်။ ထိုပေတတို့ ဖြစ်ရာဌာနသည် ပေတ္တိဝိသယမည်၏။ ပြိတ္တာတို့၏ နေရာ။တစ်နည်း-ပြိတ္တဘုံ-ဟု...

ပီတိ

နှစ်သက်ခြင်းသဘော။

ပဝတ္တိအခါ

ပဋိသန္ဓေနှင့် စုတိတို့၏ ကြားကာလကို ပဝတ္တိအခါ-ဟု ခေါ်သည်။ အဘိဓမ္မာအလိုအားဖြင့် ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)တို့၏ ဥပါဒ်(ဖြစ်ဆဲ)ခဏကိုသာ "ပဋိသန္ဓေ"ဟု ခေါ်သည်၊ ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)များ ဥပါဒ်ပြီး(ဖြစ်ပြီး)သည့်နောက် ဌီခဏမှ စ၍ ထိုဘဝ၏ စုတိစိတ်၏...