ပဋိစ္စသမုပ္ပါဒ်

by | Jun 9, 2022 | ပ | 0 comments

အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပုံကို ပြသော တရား။(ပဋိစ္စသမုပ္ပါဒ်-ဟူသော ပုဒ်သည် ပဋိစ္စသမုပ္ပါဒဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံညီညွတ်မှုကို စွဲ၍ အကျိုးတရားတို့ကို ဖြစ်စေတတ်သော အကြောင်းအပေါင်းကို ဟော၏၊ သို့သော် ပဋိစ္စသမုပ္ပါဒ်တရားတော်၌ကား အကြောင်းတရားကိုသာမက အကြောင်းအဆက်ဆက်ကြောင့်ဖြစ်သော အကျိုးအဆက်ဆက်ကိုလည်း ဟောထားသည်။ သို့ဖြစ်၍ အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပုံကို ပြသော တရားကို ပဋိစ္စသမုပ္ပါဒ်ရား ဖြစ်သည်ဟု မှတ်သားထိုက်၏။)

ပဋိသန္ဓေ ၄ မျိုး

၁။ အပါယ်ပဋိသန္ဓေ၊ ၂။ ကာမသုဂတိပဋိသန္ဓေ၊ ၃။ ရူပါဝစရပဋိသန္ဓေ၊ ၄။ အရူပါဝစရပဋိသန္ဓေ။

ပရနိမ္မိတဝသဝတ္တိဘုံ

သူတစ်ပါးဖန်ဆင်းထားသော စည်းစိမ်ကို မိမိအလိုအတိုင်း ဖြစ်စေကြသော နတ်တို့ ဖြစ်ရာ ဘုံ။

ပဉ္စမဈာန်

ဥပေက္ခာ, ဧကဂ္ဂတာ နှစ်ပါးအစု (နှစ်ပါးပါးအားလုံးပေါင်း)ကို ပဉ္စမဈာန်-ဟု ခေါ်သည်။