“ကသိဏ” သဒ္ဒါသည် “အလုံးစုံ”ဟူသော အနက်ကို ဟောသည်၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်က အလုံးစုံအကုန်အစင် အားလုံး တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံကိုလည်း “ကသိုဏ်း”ဟု ခေါ်သည်၊ ထိုအာရုံနှင့် အလားတူစွာ ထင်ပေါ်လာသော ပဋိဘာဂနိမိတ်(ပုံရိပ်)ကိုလည်း သဒိသူပစာအားဖြင့် “ကသိုဏ်း”ဟူ၍ပင် ခေါ်သည်။
ကာမာဝစရကုသိုလ်ကံ ၃ ပါး
၁။ ကာမာဝစရကုသိုလ်ကာယကံ၊ ၂။ ကာမာဝစရကုသိုလ် ဝစီကံ၊ ၃။ ကာမာဝစရကုသိုလ်မနောကံ။