ပဉ္စဝေါကာရ ၁၆ ဘုံ

by | Jun 9, 2022 | | 0 comments

ကာမ ၁၁-ဘုံ၊ အသညသတ်မှ တပါး ရူပ ၁၅-ဘုံ၊ပေါင်း ၁၆ ဘုံ။

ပဉ္စာနန္တရိယကံ ၅ ပါး

၁။ မာတုဃာတက ကံ၊၂။ ပိတုဃာတက ကံ၊ ၃။ အရဟန္တဃာတက ကံ၊၄။ လောဟိတုပ္ပာဒက ကံ၊၅။ သံဃဘေဒက ကံ။

ပဋိသန္ဓေအခါ

ပဋိသန္ဓေစိတ် စေတသိက်နှင့် ကမ္မဇရုပ်တို့ တစ်ဘဝဝယ် ပဌမဆုံးဖြစ်ရာအခါကာလ။

ပါဏာတိပါတဝိရတိ

ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်း။(သူတစ်ပါးအသက်ကို မသတ်ဘဲ ရှောင်ခြင်း)။

ပြိတ္တာဘုံ (ပေတ္တိဝိသယ)

ချမ်းသာမှ ဝေးသောအားဖြင့် ဖြစ်တတ်သောကြောင့် ပေတ-ဟု ခေါ်သည်။ ထိုပေတတို့ ဖြစ်ရာဌာနသည် ပေတ္တိဝိသယမည်၏။ ပြိတ္တာတို့၏ နေရာ။တစ်နည်း-ပြိတ္တဘုံ-ဟု...