ပဉ္စဒွါရာဝဇ္ဇန်း

by | Jun 9, 2022 | | 0 comments

ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို) ဆင်ခြင်တတ်၊ နှလုံးသွင်းတတ်သော စိတ်-ဟု ဆိုလိုသည်။

ပရိစ္ဆေဒရုပ်

ရုပ်ကလာပ်တို့ကို တစ်ခုနှင့် တစ်ခု မရောယှက်အောင် ပိုင်းခြားတတ်သောကြောင့် အာကာသဓာတ်ကို ပရိစ္ဆေဒရုပ်ဟု...

ပရမတ္ထတရား ၄ ပါး

၁။ စိတ်၊ ၂။ စေတသိက်၊ ၃။ ရုပ်၊ ၄။ နိဗ္ဗာန်။ ၎င်းတို့၏ အဓပ္ပါယ်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။

ပြိတ္တာဘုံ (ပေတ္တိဝိသယ)

ချမ်းသာမှ ဝေးသောအားဖြင့် ဖြစ်တတ်သောကြောင့် ပေတ-ဟု ခေါ်သည်။ ထိုပေတတို့ ဖြစ်ရာဌာနသည် ပေတ္တိဝိသယမည်၏။ ပြိတ္တာတို့၏ နေရာ။တစ်နည်း-ပြိတ္တဘုံ-ဟု...

ပဋ္ဌာန်း

အကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ပြသော တရား။ (ပဋ္ဌာန်း-ဟူသော အမည်သည် ပဋ္ဌာန-ဟူသော ပါဠိမှ ဆင်းသက်လာသော အမည် ဖြစ်သည်။ ပဋ္ဌာန-ဟူသော ပါဠိသည် အကြောင်းအမျိုးမျိုးကို ဖော်ပြသော ကျမ်းကို ဟော၏။ သို့သော် ပဋ္ဌာန်း...