ပစ္စဝေက္ခဏဝသီဘော်

by | Jun 9, 2022 | ပ | 0 comments

မနောဒွါရ၏နောက်တွင် ဖြစ်သော ဇောတို့သည် ပစ္စဝေက္ခဏာဇောတို့ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းနောက် ဇောငါးကြိမ်/ လေးကြိမ်၊ ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်းတွင် (ဘဝင်များစွာ မခြားဘဲ) ဈာန်အင်္ဂါကို ဆင်ခြင်သော အာဝဇ္ဇနဝသီဘော်သည် ပစ္စဝေက္ခဏဝသီဘော် မည်၏။

ပဋိသန္ဓေ ၄ မျိုး

၁။ အပါယ်ပဋိသန္ဓေ၊ ၂။ ကာမသုဂတိပဋိသန္ဓေ၊ ၃။ ရူပါဝစရပဋိသန္ဓေ၊ ၄။ အရူပါဝစရပဋိသန္ဓေ။

ပညိန္ဒြေ ၁

ကွဲပြားစွာ သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။

ပဋ္ဌာန်း

အကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ပြသော တရား။ (ပဋ္ဌာန်း-ဟူသော အမည်သည် ပဋ္ဌာန-ဟူသော ပါဠိမှ ဆင်းသက်လာသော အမည် ဖြစ်သည်။ ပဋ္ဌာန-ဟူသော ပါဠိသည် အကြောင်းအမျိုးမျိုးကို ဖော်ပြသော ကျမ်းကို ဟော၏။ သို့သော် ပဋ္ဌာန်း...

ပီတကသိုဏ်း ကမ္မဋ္ဌာန်း

အဝါရောင် အဝိုင်းငယ်ကို (အဝါရောင်၊အဝါရောင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် ပီတကသိုဏ်း ကမ္မဋ္ဌာန်း...