ပစ္စဝေက္ခဏဝသီဘော်

by | Jun 9, 2022 | | 0 comments

မနောဒွါရ၏နောက်တွင် ဖြစ်သော ဇောတို့သည် ပစ္စဝေက္ခဏာဇောတို့ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမနောဒွါရာဝဇ္ဇန်းနောက် ဇောငါးကြိမ်/ လေးကြိမ်၊ ဘဝင်နှစ်ကြိမ်/ သုံးကြိမ်အတွင်းတွင် (ဘဝင်များစွာ မခြားဘဲ) ဈာန်အင်္ဂါကို ဆင်ခြင်သော အာဝဇ္ဇနဝသီဘော်သည် ပစ္စဝေက္ခဏဝသီဘော် မည်၏။

ပစ္စဝေက္ခဏာဉာဏ်

မဂ်၊ဖိုလ်၊နိဗ္ဗာန်၊ပယ်ပြီးသော ကိလေသာနှင့် မပယ်ရသေးသော ကိလေသာတို့ကို ဆင်ခြင်သော ဉာဏ်။ (မဂ်စိတ် ၁-ကြိမ် ဖြစ်ပြီးသည့်နောက် မန္ဒပုဂ္ဂိုလ်ဖြစ်က ဖိုလ်ဇော ၂-ကြိမ် တိက္ခပုဂ္ဂိုလ်က ဖိုလ်ဇော ၃-ကြိမ် ဖြစ်ပြီးသည့်အတွက် ဘဝင်ကျရတော့သည်။ မဂ္ဂဝီထိနောက် ဘဝင်အပြတ်မှာ ပစ္စဝေက္ခဏာ...

ပတ္တာနုမောဒနာ

သူတပါး ပေးဝေသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်မှု။

ပစ္စယပရိဂ္ဂဟဉာဏ်

ကမ္မဋ္ဌာန်းရှုမှတ်ခိုက်မှာပင် နာမ်-ရုပ်တို့၏ အကြောင်းကို ထိုက်သည့်အားလျော်စွာ တွေ့မြင်၍ "အကြောင်း နာမ်-ရုပ်ကြောင့် အကျိုးနာမ်-ရုပ်မျှသာ ဖြစ်ပေါ်နေသည်"ဟု ဆုံးဖြတ်နိုင်သော ဉာဏ်သည် "ပစ္စယပရိဂ္ဂဟဉာဏ်"...