ကလာပ်

by | Jun 9, 2022 | က | 0 comments

အစိတ်အစိတ်တရားများ ပေါင်းစုမိကြရာ ဖြစ်သောအပေါင်းအဖွဲ့ကို ကလာပ်-ဟု ခေါ်သည်၊ အတူတကွ ဖြစ်ခြင်း၊ အတူတကွချုပ်ခြင်း၊ တူသောမှီရာ မဟာဘုတ် ရှိခြင်း-လက္ခဏာ ၃-ပါးနှင့် ပြည့်စုံသော ရုပ်အပေါင်းကို “ကလာပ်”ဟု ခေါ်သည်။

ကမ္မနိမိတ် ၂ ပါး

၁။ ဥပလဒ္ဓပုဗ္ဗကမ္မနိမိတ်၊ ၂။ ဥပကရဏဘူတ ကမ္မနိမိတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာယဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ထိသိစိတ်။

ကာယုဇုကတာ

ဝေဒနာစသော စေတသိက်အပေါင်း၏ ဖြောင့်မတ်ခြင်းသဘော။

ကာယဝိညာဏ်

ကာယဝိညာဏ်-ဟူသော ပုဒ်သည် ကာယ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာယ= ကိုယ်ပေါ်၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ=...

ကုသိုလ်ဝစီကံ ၄ ပါး

၁။မုသာဝါဒဝိရတိ၊ ၂။ပိသုဏဝါစာဝိရတိ၊ ၃။ဖရုသဝါစာဝိရတိ၊ ၄။သမ္ဖပ္ပလာပဝိရတိ ။

ကာယပ္ပဿဒ္ဓိ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော။