နီဝရဏ ၆ ပါး

by | Jun 9, 2022 | | 0 comments

၁။ ကာမစ္ဆန္ဒနီဝရဏ၊ ၂။ ဗျာပါဒနီဝရဏ၊ ၃။ ထိနမိဒ္ဓနီဝရဏ၊ ၄။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ၅။ ဝိစိကိစ္ဆာနီဝရဏ၊ ၆။ အဝိဇ္ဇာနီဝရဏ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နိဗ္ဗာန် ၂ မျိုး

သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နေဝသညာနာသညာယတန

နေဝသညာနာသညာယတန-ဟူသော ပုဒ်သည် နေဝ+သညာ+န+အ+ သညာ+အာယတန-ဟူသော ပုဒ်ခြောက်ခုတို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ နေဝ= မဟုတ်၊ သညာ= (ထင်ရှားသော) သညာ၊ န= မဟုတ်၊ အသညာ= (သိမ်မွေ့သော) သညာ မဟုတ်သည်ကား၊ အာယတန= (ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ-ဟု တစ်လုံးချင်း အဓိပ္ပါယ်ရသည်။...

နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်

(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု...

နိဗ္ဗိဒါဉာဏ်

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။