နိရောဓသမာပတ်မှ ထသည်

by | Jun 9, 2022 | န | 0 comments

သမာပတ်အတွင်း၌ ချုပ်ငြိမ်းနေသော စိတ်, စေတသိက်, စိတ္တဇရုပ်များ ပြန်၍ဖြစ်ပေါ်လာသည်ကိုပင် “နိရောဓသမာပတ်မှ ထသည်”ဟု ခေါ်သည်။ သမာပတ်မှထသည့်အခါ အနာဂါမ်ဖြစ်လျှင် အနာဂါမိဖိုလ်စိတ် ရဟန္တာဖြစ်လျှင် အရဟတ္တဖိုလ်စိတ်များ တစ်ကြိမ်ပေါပြီးနောက် ဘဝင်ကျလေ၏။

နာမ် ရုပ် ၁

ညွတ်တတ်သောသဘောသည် နာမ်မည်၏၊ ဖောက်ပြန်တတ်သော သဘောသည် ရုပ်မည်၏။ ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့်...

နတ္ထိပစ္စယော

မိမိ၏ နောက် ဆက်လျက် ဖြစ်ပေါ်လာမည့် နာမ်တရားတို့အား ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကိုယ်တိုင် မရှိတော့သည်ဖြစ်၍ ကျေးဇူးပြုတတ်သော...

နိရောဓသမာပတ် ဝင်စားသည်

ထိုတွင် စိတ်, စေတသိက်, စိတ္တဇရုပ်တို့ အခိုက်အတန့်မျှ ချုပ်ခြင်းသို့ ကောင်းစွာ ရောက်နေသည်ကို "နိရောဓသမာပတ် ဝင်စားသည်"ဟု ခေါ်သည်၊ (နိရောဓ= ချုပ်ခြင်းသို့၊ သမာပတ်= ကောင်းစွာ ရောက်သည်)။ ထိုနိရောဓသမာပတ်ကို အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်များသာ...

နီဝရဏ

ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို "နီဝရဏ"ဟု ခေါ်သည်။

နိရောဓသမာပတ် ဝင်စားသူ

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်နေသူ။ (နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်ဇော တစ်ကြိမ်ဖြစ်သည်၊ ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္ထဖိုလ်ဇော တစ်ကြိမ် ဖြစ်သည်၊ ထို့နောက် ဘဝင် ကျသည်၊ ဘဝင်နောက်မှာ...