ကရုဏာ

by | Jun 9, 2022 | က | 0 comments

ဒုက္ခရောက်နေသော သူကို အာရုံပြု၍ သနားခြင်းသဘော။

ကာယပ္ပဿဒ္ဓိ

ဝေဒနာ-စသော စေတသိက်အပေါင်း၏ ငြိမ်းအေးခြင်းသဘော။

ကမ္မပစ္စယော

ကံ (စိတ်၏ ကြောင့်ကြစိုက်မှု အမူအရာ) အဖြစ်ဖြင့် ကျေးဇူးပြု တတ်သော တရား။

ကုသလကမ္မပထတရား ၁၀ ပါး

ကုသိုလ်ကာယကံ ၃ ပါး၊ ကုသိုလ်ဝစီကံ ၄ ပါး၊ ကုသိုလ်မနောကံ ၃-ပါး၊ပေါင်း ၁၀ ပါး။ (ကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကမ္မဘဝနှင့် သင်္ခါရ

ကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် "သင်္ခါရ" မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် "ကမ္မဘဝ"...

ကဗဠီကာရာဟာရ၁

ဩဇာလျှင် ရှစ်ခုမြောက်သော အာဟာရဇအဋ္ဌကလာပ်ရုပ်-စသည်ကို ဖြစ်စေတတ်သောကြောင့် ဩဇရုပ်သည် ကဗဠီကာရာဟာရ...