ဒူရေရုပ် ၁၆ ပါး

by | Jun 9, 2022 | ဒ | 0 comments

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။(မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဒုတိယဈာန်

ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ လေးပါးအစု (လေးပါးအားလုံးပေါင်း)ကို ဒုတိယဈာန်-ဟု ခေါ်သည်။

ဒေါစတုက်

ဒေါသစေတသိက်ဦးစီးသော အကုသိုလ်စေတသိက်လေးပါးအပေါင်း။

ဒွါရ ၆ မျိုး (တံခါး ၆ ပေါက်)

ဒွါရတို့သည် စက္ခုဒွါရ (မျက်စိတံခါး)၊ သောတဒွါရ (နားတံခါး)၊ ဃာနဒွါရ (နှာခေါင်းတံခါး)၊ ဇိဝှါဒွါရ (လျှာတံခါး)၊ ကာယဒွါရ (ကိုယ်တံခါး)၊ မနောဒွါရ (စိတ်တံခါး)-ဟု ၆ မျိုး...

ဒိဋ္ဌာသဝ ၁

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် စိမ်ရည်အရက်နှင့် တူသောကြောင့် ဒိဋ္ဌာသဝမည်၏။

ဒဿနကိစ္စ

ကြည့်ရှုခြင်းအလုပ်သည် ဒဿနကိစ္စ မည်၏။