ဒုတိယဈာန်ဘုံ ၃ ဘုံ

by | Jun 9, 2022 | ဒ | 0 comments

၁။ ပရိတ္တာဘာဘုံ၊ ၂။ အပ္ပမာဏာဘာဘုံ၊ ၃။ အာဘဿရာဘုံ။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဒုက္ခ

သင်္ခါရတရားတို့၏ ဆင်းရဲခြင်း၊ သက်တောင့်သက်သာ မဖြစ်ခြင်းသဘောလက္ခဏာ။

ဒွါရ

ဒွါရသဒ္ဒါသည် "တံခါးပေါက်"ဟူသော အနက်ကို ဟော၏၊ တံခါးပေါက်သည် လူတို့၏ ဝင်လာစရာ ဖြစ်သကဲ့သို့ ထို့အတူ စက္ခုပသာဒ- စသည်တို့သည်လည်း သက်ဆိုင်ရာ ဝီထိစိတ်တို့၏ ဝင်လာစရာ ဖြစ်၏၊ ဤသို့ တံခါးနှင့် တူသောကြောင့် စက္ခုပသာဒ စသည်တို့ကိုလည်း "ဒွါရ" ဟု...

ဒိဋ္ဌာသဝ ၁

မှားယွင်းသော အယူ ဟူသော ဒိဋ္ဌိသည် စိမ်ရည်အရက်နှင့် တူသောကြောင့် ဒိဋ္ဌာသဝမည်၏။

ဒူရေရုပ် ၁၆ ပါး

မဟာဘုတ် ၄၊ ဘာဝရုပ်၊ အာဟာရရုပ်၊ ဇီဝိတရုပ်၊ ဝတ္ထုရုပ်၊ ဝိညတ်ရုပ် ၂၊ ပရိစ္ဆေဒရုပ်၊ လက္ခဏရုပ် ၄၊ ပေါင်း ၁၆ ပါး။(မဟာဘုတ် ၄ ပါး-စသော အရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌...

ဒွါရရုပ် ၇ ပါး

ပသာဒရုပ် ၅-ပါး၊ ဝိညတ်ရုပ် ၂-ပါး။ (ထိုအရေအတွက်များကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ဒွါရရုပ်

တံခါးနှင့် တူသော ရုပ်များ။ (ဝီထိစိတ်၏ဖြစ်ကြောင်း၊ ကာယကံ, ဝစီကံ၏ အထမြောက်ကြောင်း ဖြစ်သောကြောင့် စက္ခု-စသော ရုပ် ၇-ပါးတို့သည် "ဒွါရရုပ်" မည်ကြသည်။...