ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်

by | Jun 9, 2022 | ဒ | 0 comments

အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဖြင့် ဒုဂ္ဂတိဘုံ၌ ပဋိသန္ဓေနေခဲ့သော ပုဂ္ဂိုလ်ကို (ဖြစ်ရာဘုံကို လိုက်၍ ‘ဒုဂ္ဂတိ’ + ပဋိသန္ဓေကို လိုက်၍ ‘အဟိတ်’= ယင်း ၂-မျိုးကို ပေါင်းစပ်လျက်) “ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်”ဟု ခေါ်သည်။

ဒေဝတာနုဿတိ

နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဒေဝတာနုဿတိ မည်၏၊ နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ-အစရှိသော ကောင်းမှုဂုဏ်တို့ကို အာရုံပြု အမှတ်ရနေမှု...

ဒိဋ္ဌိဝိသုဒ္ဓိ

နာမရူပပရိစ္ဆေဒဉာဏ် (နမ်ရုပ်တို့ကို ပိုင်းခြား၍ အမှန်အတိုင်း သိမြင်သော ဉာဏ်) သည်ပင်လျှင် အတ္တဒိဋ္ဌိအညစ်အကြေးမှ သန့်ရှင်း စင်ကြယ်သောကြောင့် "ဒိဋ္ဌိဝိသုဒ္ဓိ" မည်၏။ (ဒိဋ္ဌိ= အမြင်၊ အယူ၊ ဝိသုဒ္ဓိ= မှားယွင်းသော အမြင်ဟူသော အညစ်အကြေးမရှိ၊...

ဒွါရရုပ်

တံခါးနှင့် တူသော ရုပ်များ။ (ဝီထိစိတ်၏ဖြစ်ကြောင်း၊ ကာယကံ, ဝစီကံ၏ အထမြောက်ကြောင်း ဖြစ်သောကြောင့် စက္ခု-စသော ရုပ် ၇-ပါးတို့သည် "ဒွါရရုပ်" မည်ကြသည်။...

ဒုတိယဈာန်

ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ လေးပါးအစု (လေးပါးအားလုံးပေါင်း)ကို ဒုတိယဈာန်-ဟု ခေါ်သည်။

ဒုက္ခ ၂

ဒုက္ခသဟဂုတ် ကာယဝိညာဉ်၌ယှဉ်သော ဝေဒနာစေတသိက်။