ကမ္မဘဝ ၁

by | Sep 9, 2022 | က | 0 comments

ဥပါဒါနပစ္စယာ ဘဝေါဟူရာ၌ ဥပါဒါန်ကြောင့် ဖြစ်သော ဘဝသည် ကမ္မဘဝသာ ဖြစ်၏။ ခန္ဓာဟူသော အကျိုးကို ဖြစ်ပေါ်စေတတ်သော စေတနာသည်ပင် ကမ္မဘဝမည်၏။ ထိုထိုကုသိုလ်ကံ, အကုသိုလ်ကံကို ပြုလုပ်ရာ၌ အထမမြောက်မီ ရှေ့အဖို့၌ဖြစ်သော ပုဗ္ဗစေတနာသည် “သင်္ခါရ” မည်၏၊ အထမြောက်သော မုဉ္စစေတနာသည် “ကမ္မဘဝ” မည်၏။ အနာဂတ်ဘဝဖြစ်ဖို့ရန် ပစ္စုပ္ပန်ဘဝ၌ ဖြစ်သော စေတနာ ဖြစ်သည်။

ကာမာဝစရသောဘနစိတ် ၂၄ ပါး

၁။မဟာကုသိုလ်စိတ် ဂ ပါး၊မဟာဝိပါက်စိတ် ဂ ပါး၊မဟာကြိယာစိတ် ဂ ပါး၊ပေါင်း ၂၄ ပါး။ (မဟာကုသိုလ်စိတ် ဂ ပါး-စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...

ကုသလကမ္မပထတရား

သုဂတိဘုံဘဝသို့ ရောက်စေတတ်သည့် လမ်းကြောင်းသဖွယ် ဖြစ်သော တရား။

ကရုဏာ ဘာဝနာ

ဒုက္ခိတသတ္တဝါ ဆိုသူကို အာရုံပြု၍ သနားကြင်နာခြင်း သဘောသည် "ကရုဏာ" မည်၏။ (ထို ကရုဏာကို အဖန်ဖန်ပွားများခြင်းသည်...

ကာယဝိညာဏ်

ကာယဝိညာဏ်-ဟူသော ပုဒ်သည် ကာယ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ကာယ= ကိုယ်ပေါ်၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ=...