ဇီဝိတိန္ဒြေ

by | Jun 9, 2022 | ဇ | 0 comments

ယှဉ်တွဲဖြစ်ဖက် တရားတို့ကို အသက်ရှည်အောင် စောင့်ရှောက်ခြင်းသဘော၊ ယှဉ်တွဲဖြစ်ဖက် တရားတို့ကို လွှမ်းမိုးခြင်းသဘော။

ဇိဝှါဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျက်သိစိတ်။

ဇနက ကံ

'ဝိပါက်စိတ်, စေတသိက်'-ဟူသော နာမ်ခန္ဓာနှင့် ကံ-အကြောင်းခံ၍ ဖြစ်လာရသော ရုပ်ခန္ဓာတို့ကို "အကျိုးတရား"ဟု ခေါ်သည်၊ ယင်းအကျိုးတရားတို့ကို ပဋိသန္ဓေအခါမှာ ဖြစ်စေ၊ ပဝတ္တိအခါမှာ ဖြစ်စေ, အခွင့်သာရာအခါ၌ မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံသည် "ဇနက ကံ"...

ဇိဝှါဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျှာ။

ဇိဝှါဝိညာဏဝီထိ

ဇိဝှါဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဇိဝှါဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဇိဝှါဒွါရဝီထိစိတ်တို့ပင်...

ဇီဝိတိန္ဒြေ ၁

အတူတကွ ဖြစ်ဖက် ရုပ်နာမ်တရားတို့ကို အစိုးတရ စောင့်ရှောက်တတ်သော သဘောတရား။