ဇဝနဝါရ

by | Jun 9, 2022 | ဇ | 0 comments

ဇောအဆုံးရှိသော ဝီထိစိတ်တို့၏ အလှည့်အကြိမ်ကို ပြသော မဟန္တာရုံဝီထိကို “ဇဝနဝါရ”ဟု ခေါ်သည်။

ဇာတိ ၂

လောကီဝိပါက်စိတ်, စေတသိက်, ကမ္မဇရုပ်။

ဇိဝှါဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော လျှာ။

ဇရာမရဏ ၁

အိုခြင်းသည် "ဇရာ" မည်၏၊ သေခြင်းသည် "မရဏ" မည်၏။