ကမ္မဋ္ဌာန်း

by | Sep 9, 2022 | က | 0 comments

ဘာဝနာအလုပ်သည်ပင် တရားထူးကို ရခြင်း၏ အကြောင်းဖြစ်သောကြောင့် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း= ဘာဝနာအလုပ်၌ တည်ခြင်း, ဘာဝနာအလုပ်ကို အားထုတ်ခြင်း, အဖန်ဖန် ရှုမှတ်ခြင်းသည် ကမ္မဋ္ဌာန်း မည်၏။ တစ်နည်း သမထဘာဝနာအလုပ် ဝိပဿနာဘာဝနာအလုပ်၏ ဖြစ်ရာ ကသိုဏ်းစသော အာရုံ၊ သင်္ခါရအာရုံသည် ကမ္မဋ္ဌာန်းမည်၏။ (ကမ္မ= ဘာဝနာအားထုတ်မှု၏ + ဋ္ဌာန= တည်ရာဖြစ်သော အာရုံ)။

ကာမာသဝ ၁

ဝတ္ထုအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သော တဏှာသည် ယစ်မူးစေတတ်သော စိမ်ရည် အရက်နှင့်တူသောကြောင့်...

ကာယပသာဒ

ကိုယ်အကြည်ဓာတ်ကို "ကာယပသာဒ"ဟု ခေါ်သည်၊ ထိုကာယပသာဒသည် အသားမာ, ခြောက်နေသော အရေ, ခြေသည်းဖျား, လက်သည်းဖျား, ဆံပင်ဖျား, အမွေးဖျားများတို့မှ တစ်ပါး ကျန်တစ်ကိုယ်လုံး၌ ပျံ့နှံ့...