ကမ္မဇရုပ်

by | Jun 9, 2022 | က | 0 comments

ကံကြောင့်ဖြစ်သော ရုပ်။ (အကုသိုလ်စေတနာ ၁၂-ပါး၊ ကာမာဝစရကုသိုလ်စေတနာ ၈-ပါး၊ ရူပါဝစရကုသိုလ် စေတနာ ၅-ပါး၊ ပေါင်း ၂၅-ပါးသော ကုသိုလ်, အကုသိုလ် စေတနာသည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ ခဏတိုင်းခဏတိုင်းမှာ ရုပ်ကို ဖြစ်စေသည်၊ ထိုကံကြောင့်ဖြစ်သော ရုပ်ကို “ကမ္မဇရုပ်”ဟု ခေါ်သည်။ ထိုစေတနာများသည် မိမိသန္တာန်၌ ပြုစီမံထားပြီး၊ ဖြစ်စေထားပြီးသော အတိတ်စေတနာများပင် ဖြစ်ကြသည်။ ထိုပြုစီမံထားပြီး ဖြစ်စေထားပြီးသော စေတနာသည် မိမိသန္တာန်မှာသာ အကျိုးပေးခွင့်သင့်ရာ ဘဝ၌ အကျိုးပေးသည်၊ ကမ္မဇရုပ်များကို ဖြစ်စေသည်။ ကမ္မဇရုပ်တို့သည် ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ စိတ်၏ (“ဥပါဒ်, ဌီ, ဘင်”ဟု ဆိုအပ်သော) ခဏတိုင်းခဏတိုင်းမှာ ဖြစ်ကြရသည်။)

ကာယဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ကိုယ်။

ကုသိုလ်စိတ်

အပြစ်ကင်းသော စိတ်။တစ်နည်း- ကောင်းသော အကျိုးကို ပေးသော စိတ်။

ကာမောဃ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကောလံကောလသောတာပန်

သက္ကာယဒိဋ္ဌိနှင့် ဝိစိကိစ္ဆာကို ပယ်ဖြတ်သဖြင့် သောတာပန်ဖြစ်ပြီးနောက် အမျိုးကောင်းတစ်ခုမှ အမျိုးကောင်းတစ်ခုသို့ ကူးပြောင်း၍ ပဋိသန္ဓေနေသူ၊ ကာမဘုံ၌ ၂-ကြိမ်မှ ၆-ကြိမ်တိုင်အောင် ပဋိသန္ဓေနေနိုင်သည်၊ ထို့နောက် ရဟန္တာ...

ကဗဠီကာရာဟာရ၁

ဩဇာလျှင် ရှစ်ခုမြောက်သော အာဟာရဇအဋ္ဌကလာပ်ရုပ်-စသည်ကို ဖြစ်စေတတ်သောကြောင့် ဩဇရုပ်သည် ကဗဠီကာရာဟာရ...