ပင်ကိုရိုးရာ ဓမ္မတာထက် ပိုမိုလွန်ကဲ၍ အဖြစ်များခြင်းကို “စရိုက်”ဟု ခေါ်သည်။
စိတ္တဇရုပ်
စိတ်ကြောင့်ဖြစ်သော ရုပ်။ (အရူပဝိပါက် ၄-ပါးနှင့် ဒွေးပဉ္စဝိညာဉ် ၁၀-မှတစ်ပါး ၇၅-ပါးသော စိတ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ မိမိတို့၏ ဥပါဒ်ခဏ ဥပါဒ်ခဏမှာသာ ရုပ်ကို ဖြစ်စေသည်၊ ယင်းစိတ်ကြောင့်ဖြစ်သော ရုပ်ကို "စိတ္တဇရုပ်"ဟု ခေါ်သည်။ စိတ္တဇရုပ်တို့သည် ပဋိသန္ဓေနောင်...