စိတ္တဇရုပ်

by | Jun 9, 2022 | စ | 0 comments

စိတ်ကြောင့်ဖြစ်သော ရုပ်။ (အရူပဝိပါက် ၄-ပါးနှင့် ဒွေးပဉ္စဝိညာဉ် ၁၀-မှတစ်ပါး ၇၅-ပါးသော စိတ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ မိမိတို့၏ ဥပါဒ်ခဏ ဥပါဒ်ခဏမှာသာ ရုပ်ကို ဖြစ်စေသည်၊ ယင်းစိတ်ကြောင့်ဖြစ်သော ရုပ်ကို “စိတ္တဇရုပ်”ဟု ခေါ်သည်။ စိတ္တဇရုပ်တို့သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်မှစ၍ ရုပ်ကို ဖြစ်စေနိုင်သော စိတ်တို့၏ ဥပါဒ်တိုင်းဥပါဒ်တိုင်းမှာ ဖြစ်ကြသည်။)

စိတ်

အာရုံကို သိတတ်သော သဘောတရား

စက္ခုဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ်စက္ခုဝိညာဏ်။