ဃာနဒွါရိကစိတ် ၄၆ ပါး

by | Jun 9, 2022 | | 0 comments

အကုသိုလ်စိတ် ၁၂ ပါး၊ ဃာနဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှု။)

ဃာနဝိညာဏ် ဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ဃာနဝိညာဏ် ဒွေးဟူသည် ဃာနဝိညာဏ် ၂ ပါး-ဟု ဆိုလိုသည်။

ဃာနဝိညာဏဝီထိ

ဃာနဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဃာနဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဃာနဒွါရဝီထိစိတ်တို့ပင်...