ဃာနဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဃာနဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဃာနဒွါရဝီထိစိတ်တို့ပင် ဖြစ်သည်။
ဃာနာယတန ၁
စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော နှာခေါင်း။
ဃာနဝိညာဏ်နှင့် စပ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။ဃာနဝိညာဏ်နှင့် ဆက်စပ်သော စိတ်အစဉ်အတန်းဟူသည် ဃာနဒွါရဝီထိစိတ်တို့ပင် ဖြစ်သည်။
စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော နှာခေါင်း။
မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ရှူသိစိတ်၊
၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်။
နမ်းရှူခြင်းအလုပ်သည် ဃာယနကိစ္စ မည်၏။
ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ဃာနဝိညာဏ် ဒွေးဟူသည် ဃာနဝိညာဏ် ၂ ပါး-ဟု ဆိုလိုသည်။
နှာခေါင်းအကြည်ဓာတ်ကို "ဃာနပသာဒ"ဟု ခေါ်သည်၊ ထိုဃာနပသာဒသည် နှာခေါင်းပေါက် အတွင်းဝယ် ဆိတ်ခွာသဏ္ဌာန်ရှိသော အရပ်၌...