ဥပါဒါရုပ်

by | Jun 9, 2022 | ဥ | 0 comments

မဟာဘုတ် ၄-ပါးကို မှီ၍ ဖြစ်သော ရုပ်ကို “ဥပါဒါရုပ်”ဟု ခေါ်သည်၊ ဤဥပါဒါရုပ်သည် မဟာဘုတ်ကို ခြယ်လှယ် အမွှမ်းတင်သော ရုပ်များဖြစ်သည်။

ဥတုဇရုပ်

ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...

ဥပါဒ်ခဏ

စိတ်-စသော ပရမတ္ထတရားတစ်ခုခု၏ ပထမဦးဆုံးစ၍ ဖြစ်ပေါ်လာရာကာလကို ဥပါဒ်ခဏဟု ခေါ်သည်။

ဥပလဘိတဗ္ဗဂတိနိမိတ်

တိုက်ရိုက် ရောက်ထိုက်သော အရပ်ကို "ဥပလဘိတဗ္ဗ"ဟု ခေါ်သည်၊ လူ့ဘုံသွားမည့်သူဖြစ်လျှင် အမိဝမ်းရေ, ငရဲပြည်သွားမည့်သူဖြစ်လျှင် ငရဲဘုံ, ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တော တောင်စသည်, နတ်ပြည် သွားမည့်သူဖြစ်လျှင် နတ်ဗိမာန်-...

ဥပစ္ဆေဒကမရဏ

ကပ်၍ ဖြတ်တတ်သော ကံတစ်မျိုးမျိုးကြောင့် စုတေခြင်း။

ဥဂ္ဂဟနိမိတ်

မနောဒွါရိကကုသိုလ်ဇောစိတ်ဖြင့် မှန်းဆ၍ ယူအပ်သော အာရုံ(ပုံရိပ်)ကို "ဥဂ္ဂဟနိမိတ်"ဟု ခေါ်သည်၊ ဤဥဂ္ဂဟနိမိတ်ကိုလည်း ပရိကမ္မဘာဝနာကပင် အာရုံပြုပါသည်။ မျက်စိမှိတ်ထားသော်လည်း အာရုံယူက ပကတိမျက်စိဖြင့် ကြည့်နေရသလို ထင်မြင်လာသော အာရုံမျိုးပင်...

ဥပါယာသ ၂

ဒေါသမူဒွေး၌ယှဉ်သော ဒေါသစေတသိက်။