ဥပစာရသမာဓိဇော

by | Jun 9, 2022 | ဥ | 0 comments

ဥပစာရ= ဈာန် မဂ် ဖိုလ်တို့၏ အနီး၌ ဖြစ်သော၊ သမာဓိ= တည်ကြည်သော၊ ဇော-ဇောစိတ်များ။

ဥဂ္ဂဟနိမိတ်

မနောဒွါရိကကုသိုလ်ဇောစိတ်ဖြင့် မှန်းဆ၍ ယူအပ်သော အာရုံ(ပုံရိပ်)ကို "ဥဂ္ဂဟနိမိတ်"ဟု ခေါ်သည်၊ ဤဥဂ္ဂဟနိမိတ်ကိုလည်း ပရိကမ္မဘာဝနာကပင် အာရုံပြုပါသည်။ မျက်စိမှိတ်ထားသော်လည်း အာရုံယူက ပကတိမျက်စိဖြင့် ကြည့်နေရသလို ထင်မြင်လာသော အာရုံမျိုးပင်...

ဥပကရဏဘူတကမ္မနိမိတ်

ကံပြီးမြောက်ဖို့ရာ အခြံအရံမျှသာဖြစ်သော အပဓာနအာရုံသည် "ဥပကရဏဘူတကမ္မနိမိတ်" မည်၏။

ဥပတ္ထမ္ဘက ကံ

ကိုယ်တိုင်ကား အကျိုးမပေးနိုင်၊ သို့သော် တစ်ပါးသော ကံ အကျိုးပေးခွင့် ရအောင်, အကျိုးပေးခွင့် ရနေပြန်လျှင်လည်း အကျိုးပေး သန်မာကြီးထွားလာအောင်, အကျိုးပေးပြီးသည့် အခါမှာလည်း အကျိုးတရားများ ရှည်ကြာအောင် သင့်လျော်လျောက်ပတ်စွာ ကူညီထောက်မတတ်သော ကံသည် "ဥပတ္ထမ္ဘက ကံ"...

ဥပစာ ၁

ဥပစာ-ဟူသည် ဈာန်၏အနီး၌ဖြစ်သော စိတ် ဖြစ်သည်၊ အပ္ပနာဟူသော ဈာန်၏ အနီး၌ ဖြစ်တတ်သော စိတ်သည် ဥပစာမည်၏။