ဂန္ထ ၄-ပါး

by | Jun 9, 2022 | ဂ | 0 comments

၁။ အဘိဇ္ဈာကာယဂန္ထ၊ ၂။ ဗျာပါဒကာယဂန္ထ၊ ၃။ သီလဗ္ဗတပရာမာသ ကာယဂန္ထ၊ ၄။ ဣဒံသစ္စာ ဘိနိဝေသကာယဂန္ထ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

ဂေါစရရုပ်

စက္ခုဝိညာဏ်-စသည်ငါးပါးတို့၏ ကျက်စားရာ အာရုံ ဖြစ်သော ရုပ်များ။

ဂတိနိမိတ်

လားရောက်ရမည့် ဘဝ၌ တွေ့ကြုံရမည့် အာရုံဟူသမျှကို "ဂတိနိမိတ်"ဟု ခေါ်သည် (ဂတိ- လားရာဂတိ၌ + နိမိတ္တ- တွေ့ကြုံထိုက်သော...

ဂဗ္ဘသေယျကသတ္တဝါ

ဂဗ္ဘသေယျကသတ္တဝါ-ဟူသည် အမိဝမ်းတွင်းအောင်း၍ ပဋိသန္ဓေနေသော သတ္တဝါမျိုး ဖြစ်သည်။

ဂန္ထ

သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ...