ဂတိနိမိတ်

by | Jun 9, 2022 | ဂ | 0 comments

လားရောက်ရမည့် ဘဝ၌ တွေ့ကြုံရမည့် အာရုံဟူသမျှကို “ဂတိနိမိတ်”ဟု ခေါ်သည် (ဂတိ- လားရာဂတိ၌ + နိမိတ္တ- တွေ့ကြုံထိုက်သော အာရုံ)။

ဂေါစရရုပ် ၇-ပါး

၁။ ရူပါရုံ၊ ၂။ သဒ္ဒါရုံ၊ ၃။ ဂန္ဓာရုံ၊ ။၄။ ရသာရုံ၊ ၅၊ ၆၊ ၇။ "ပထဝီ, တေဇော, ဝါယော"ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ။ (ရူပါရုံ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဂန္ထ

သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ မထွက်ခွါရအောင်, မလွတ်မြောက်ရအောင် (စုတိပြီးလျှင် ပဋိသန္ဓေ, ပဋိသန္ဓေပြီးလျှင် စုတိအားဖြင့်) ဆက်စပ်ပေးတတ်သော တရား။ (သံကွင်းချင်းဆက်၍ ဖွဲ့နှောင်ထား သကဲ့သို့ သတ္တဝါတို့၏ နာမကာယနှင့် ရူပကာယတို့ကို ဝဋ်ဆင်းရဲမှ...

ဂဗ္ဘသေယျကသတ္တဝါ

ဂဗ္ဘသေယျကသတ္တဝါ-ဟူသည် အမိဝမ်းတွင်းအောင်း၍ ပဋိသန္ဓေနေသော သတ္တဝါမျိုး ဖြစ်သည်။

ဂန္ဓာယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အနံ့။

ဂန္ဓဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော အနံ့။